Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒိုက်ဦးမြို့နယ်၌ ဆေးဝါးများရောင်းချနေသောဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး
Jun 05,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်ကြသော မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဆင့် ၁ ဒေါ်သက်သက်မော်၊ ကျန်းမာရေးမှူး ဒေါ်စိမ်းလဲ့လဲ့တို့ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးအောင်မျိုးလွင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့မစျေး အပြင်တန်းရှိဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းမြို့၌ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်
Jun 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ အသက် ၁ နှစ်ခွဲ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က ဟုမ္မလင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့တွင် သွေးလွန်တုပ်ကွေး ကြိုတင် ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate ) ဆေးခတ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jun 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၌ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊သွန်၊လဲ၊စစ်နှင့်အဘိတ် (Abate)ဆေးခတ်ခြင်း လုပ်ငန်းကို ယနေ့နံနက် ကလပွတ္တာမြို့ အမှတ်(၃)ရပ်ကွက်စံပယ်လမ်းရှိ နေအိမ်များတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်များ စိုက်ပျိုးရန် ပျိုးပင်များ အခမဲ့ဖြန့်ဝေပေး
Jun 05,2023
၂၀၂၃ ခုနှစ်၊ (ယခုနှစ်) မိုးရာသီတွင် ပြည်သူများ အခမဲ့လာရောက် ထုတ်ယူစိုက်ပျိုးနိုင်ရန်အတွက် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့သစ်တောဦးစီးဌာန မြို့မသစ်တော ပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိခဲ့သည့် ပျိုးပင် များအား ယခုအခါ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနက သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကျင်းပ
Jun 05,2023
စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှုသူအချင်းချင်း တွေ့ဆုံကာ စာပေအသိခြင်း ဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည်တိုက်တွင် ဇွန်လ(၅)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တံတားမြို့၌ အသက်နှစ်နှစ်မှ ငါးနှစ်အောက် ကလေးငယ်များအား အာဟာရနို့မှုန့်များတိုက်ကျွေး
Jun 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာတွင် အသက်နှစ်နှစ်မှ ငါးနှစ်အောက်ကလေးငယ်များအား အာဟာရနို့မှုန့်များ တိုက်ကျွေးခြင်းကို ယနေ့နံနက် (၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Jun 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ရေး အတွက် ယနေ့ နံနက် ၆ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့ မူလတန်းကြိုကျောင်း၌ ပဒေသာကပွဲနှင့်ကျောင်းဆင်းလက်မှတ် ပေးအပ်ပွဲကျင်းပ
Jun 05,2023
ကျောက်မဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်းဆင်းပွဲကို မေတ္တာမွန်ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ပဒေသာကပွဲနှင့် ကျောင်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11088
Page
11089
Page
11090
Page
11091
Current page
11092
Page
11093
Page
11094
Page
11095
Page
11096
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department