ခန္တီးမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲတော် ပြုလုပ်

ခန္တီး ဇွန် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ဇွန်လ (၃) ရက်နေ့ နံနက် (၈) နာရီအချိန်က ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာ၊ အ.လ.က(ခွဲ) ကျောင်းဆောင်သစ်မြေနေရာ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပွဲတော်တွင် စွယ်တော်၊ စိန်ပန်း၊ ကံ့ကော်၊ ခရေနှင့် ကျွန်းပင် စုစုပေါင်း အပင် (၁၂၀) ကို တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးအောင်စိုးမိုး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးသက်ဉီးဆွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဉာဏ်မြင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကျေးရွာနေပြည်သူများ၊ ကျောင်းဆရာ/မများနှင့် ကျောင်းသား/သူလေးများက စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)