ဗန်းမော်ဆရာတော်ဘုရားကြီး၏ အရိုးဓာတ်ပြာတော် ရေမျှောပူဇော်မည့်အခမ်းအနား ကြိုတင်ပြင်ဆောင်ရွက်နေမှုများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်သွားရောက်ကြည့်ရှု

မန္တလေး ဇွန် 

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏အဓိပတိ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ဦးစီးပဓာန မဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသမဟာထေရ် မြတ်ကြီး၏အန္တိမဈာပနပူဇာသဘင်အခမ်းအနားကို  ဇွန် ရက် ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာဗိမာန် ယာယီစံကျောင်းတော်မှ  ကရဝိတ်ဖောင်တော်ယာဉ်ဖြင့် ချမ်းမြသာစည် လေဆိပ်ဟောင်းသို့ ပင့်ဆောင်၍ လောင်တိုက်တော်၌ တေဇောဓာတ်မီးပူဇော်ပြီး ဇွန်  ရက် နံနက်ပိုင်းတွင် အရိုးဓာတ်ပြာတော်များအား ဧရာဝတီမြစ်အတွင်း ရေမျှောပူဇော်သွားမည့် အခမ်းအနားများကို နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ ကျင်းပသွားမည်။

ဇွန်လ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါပြီး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်ရှိ ဓမ္မစေတိယကျောင်းသို့ သွားရောက်ကာနိုင်ငံတော်ဗဟိုသံဃဝန်ဆောင်မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ် နာယက၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ ဆရာတော်တို့ကိုဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက်  ဗန်းမော်ဆရာတော် ဘုရားကြီး၏ အန္တိမဈာပနပူဇာသဘင်အခမ်းအနားအား နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ သာသနာရေး ထုံးတမ်းစဉ်လာများအတိုင်း အဆင်ပြေချောမွေ့စွာဖြစ်စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အစီအမံများ၊ ဥတုဇရုပ်ကလာပ်တော်အား ယာယီစံကျောင်းတော်မှ ချမ်းမြသာစည် လေဆိပ်ဟောင်းသို့ ကရဝိတ်ဖောင်တော်ယာဉ်ဖြင့် ပင့်ဆောင်၍ လောင်တိုက်ပြဿဒ်၌ တေဇောဓာတ်ပူဇော်ခြင်း၊ အရိုးဓာတ်ပြာတော်အိုးများကို ချမ်းမြသာစည်လေဆိပ်ဟောင်းမှ ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်းရှိ ကရဝိတ်ဖောင်တော်ရေယာဉ်ပေါ် ပင့်ဆောင်ပူဇော်ခြင်းနှင့် မြစ်အတွင်းရေမျှောပူဇော်ခြင်း အခမ်းအနားများအတွက် စနစ်တကျစီမံဆောင်ရွက်ထားရှိမှုများကို လျှောက်ထားတင်ပြပြီး ဆရာတော်ကြီး များထံမှ ဩဝါဒများခံယူခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အရိုးဓာတ်ပြာတော်ရေမျှောပူဇော်မည့် ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်းနေရာသို့ရောက်ရှိပြီး အခမ်းအနားအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် မြစ်အတွင်း အရိုးဓာတ်ပြာတော်အိုးများ ပင့်ဆောင်မည့် ကရဝိတ်ဖောင်တော်ရေယာဉ်ကြီးအား ပြင်ဆင်ဆောင်ရွက်နေမှု များကို လိုက်လံကြည့်ရှုစစ်ဆေးကာ ဝန်ကြီးချုပ်က ဆပ်ကော်မတီများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လစ်ဟာမှုမရှိစေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေးစနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်