အမြို့မြို့အနယ်နယ်သတင်းများ

Jun 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲ အချိန်ခန့်က မိုင်းလုံမြို့  လူဝင်မှုကြီးကြပ်ရေ းနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင်  သွားရောက်ငှားရမ်းပေးခဲ့သည်။ 
Jun 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်အတွက် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ဆက်လက်ထိုးနှံခြင်း/ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့ပေါ်ရှိ ရပ်ကွက်များမှ ယနေ့ နံနက်(၉)နာရီတွင် လစဉ် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  
Jun 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငါးသယံဇာတ၊ ရေသယံဇာတထိန်းသိမ်းရေးဟောပြောပွဲကို ဒါးကမကျီးကုန်းကျေးရွာအုပ်စု၊ ဇီးပင်ကွင်းကျေးရွာအုပ်စုများရှိ ပြည်သူများနှင့် ဇီးပင်ကွင်းကျေးရွာဓမ္မာရုံ၌ ဇွန်လ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က တွေ့ဆုံ၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
Jun 05,2023
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား ကျုံပျော်ခရိုင်အတွင်းရှိ မြို့နယ် (၃) မြို့နယ်သို့လွှဲပြောင်းပေးအပ်ပွဲ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများသို့မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနားအား ဇွန်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက ကျုံပျော်မြို့နယ်၊ မိုးလုံလေလုံအားကစားခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။
Jun 05,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ(၁)ရက်နေ့မှ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/သူ ၃၄၂၄၄ ဦး ပညာသင်ကြားလျက်ရှိကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ သိရသည်။
Jun 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် သစ်တောဦးစီးဌာနက ဦးဆောင်၍ ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက အမှတ် (၃) ရပ်ကွက်၊ မိုင်းရယ်-ကျေးသီး လမ်းဘေး နေရာ၌ ပြုလုပ်သည်။
Jun 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပရိယတ္တိကျောင်းကြီးစာသင်တိုက်၌ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော (၄၁)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာပွဲတော်အခမ်းအနားကို ယမန်နေ့ မွန်းတည့်(၁၂)နာရီက စတင်ကျင်းပ ပြုလုပ်ခဲ့သည်။
Jun 05,2023
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ရပ်ကွက် အသီးသီးတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂နှစ်အောက်ကလေးငယ်များအား ထောက်ပံ့နိုင်ရန် ဇွန် ၄ ရက်နေ့ နံနက်(၈)နာရီမှ ညနေ (၅)နာရီအချိန်ထိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ်အောက်ကလေးငယ်စာရင်းများ ကောက်ခံပေးလျက်ရှိကြောင်း သိရသည်။