လေးမျက်နှာမြို့နယ် အ.ထ.က(ခွဲ)သောင်ဘုတ် RCC PL 6'(၁)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ

လေးမျက်နှာ ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် အ.ထ.က(ခွဲ)သောင်ဘုတ် 90'×30' RCC PL 6'(၁)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲကို ဇွန် ၂ ရက်နေ့ ညနေပိုင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် လေးမျက်နှာမြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးတင်ဦး၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချူပ်ရေးမှူး ဦးကျော်သူရစိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ငွေဌေး၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းလှိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် လေးမျက်နှာမြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးတင်ဦးမှ ကျောင်းဆောင်သစ်ဖွင့်လှစ်ပေးခဲ့ပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ထူးချွှန်ကျောင်းသား၊ ကျောင်းသူများဖြစ်ရန် ကြိုးစားသင်ယူကြစေလိုကြောင်း၊ ကျောင်းသားမိဘများနှင့် ဆရာ၊ ဆရာမများပူးပေါင်း၍ မိမိကျောင်းတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ငွေဌေးမှ မိမိကျောင်း၊ မိမိမြို့နယ်တိုးတက်ရေးနှင့် ထူးချွှန်ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရေး ကြိုးပမ်းကြစေလိုကြောင်း၊ ယနေ့စနစ်သစ် ပညာရေးသင်ကြားမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး အ.ထ.က(ခွဲ)သောင်ဘုတ် ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အ.ထ.က(ခွဲ)သောင်ဘုတ်ကျောင်းဆောင်ကို ပြည်ထောင်စုဘတ်ဂျက်ငွေ (၁၅၃.၈၂၂၂)သန်းဖြင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် သင်္ဂဟဗလကုမ္မဏီမှ စတင်တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)