ဒိုက်ဦး ဇွန် ၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်ကြသော မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဆင့် ၁ ဒေါ်သက်သက်မော်၊ ကျန်းမာရေးမှူး ဒေါ်စိမ်းလဲ့လဲ့တို့ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးအောင်မျိုးလွင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့မစျေး အပြင်တန်းရှိဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်း ဆေးဝါးမှတ်ပုံတင်ရရှိပြီးသော ဆေးဝါးများနှင့် Brand Name ဆင်တူသော မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် မပါရှိသည့် တရားမဝင် တင်သွင်းထားသော ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)