တံတား ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာတွင် အသက်နှစ်နှစ်မှ ငါးနှစ်အောက်ကလေးငယ်များအား အာဟာရနို့မှုန့်များ တိုက်ကျွေးခြင်းကို ယနေ့နံနက် (၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါအာဟာရနို့မှုန့်များ တိုက်ကျွေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဆရာမကြီးက ဦးဆောင်၍ အသက်နှစ်နှစ်မှ ငါးနှစ်အောက်ကလေးငယ်များအား လက်မောင်း၌ ပေကြိုးတိုင်းခြင်း၊ ခန္ဓာကိုယ်အလေးချိန်တိုင်းခြင်းများ ပြုလုပ်ပေးလျက်ရှိပြီး ကလေးများ အာဟာရနှင့် ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရန်၊ မိခင်နို့မဆို့ရသော ကလေးသူငယ် များအား အသည်းရောင် အသားဝါရောဂါများ မဖြစ်စေရန်၊ ဗီတာမင်၊ သံဓာတ်များ ကြွယ်ဝစေရန် အာဟာရဖြည့်စွက်နို့မှုန့်များ တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
ဖြိုးသီဟ(တံတားပြန်ဆက်)