မြင်းမူ ဇွန် ၅
၂၀၂၃ ခုနှစ်၊ (ယခုနှစ်) မိုးရာသီတွင် ပြည်သူများ အခမဲ့လာရောက် ထုတ်ယူစိုက်ပျိုးနိုင်ရန်အတွက် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့သစ်တောဦးစီးဌာန မြို့မသစ်တော ပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိခဲ့သည့် ပျိုးပင်များအား ယခုအခါ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနက သိရသည်။
ပျိုးဥယျာဉ်အတွင်း မယ်ဇလီ(၂၀၀၀၀)၊ မယ်ဇယ်(၇၀၀၀)၊ ကျွန်း(၃၀၀၀)၊ ယူကလစ်ပင် (၁၀၀၀၀)၊ ပိတောက် (၅၀၀၀)၊ ရှားပင်(၃၀၀၀)၊ ထနောင်း(၅၀၀)နှင့် မန်ကျီးပင်(၅၀၀)တို့ကို ပျိုးထောင်ထားရှိခဲ့ရာ ယခုချိန်တွင် ပြည်သူများ လာရောက်ထုတ်ယူလျက်ရှိကြောင်း၊ ဖြန်ဝေပေး ရာတွင် အပင်များစိုက်ပျိုးရာ၌ ပိုမိုရှင်သန် ရေးအတွက် ပျိုးပင်အမြင့်(၂)ပေ အထက်များကိုသာ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန တောအုပ် ဦးမင်းဇော်ဆန်း၏ ပြောပြချက်အရ သိရ သည်။
ဖြန့်ဝေပေးလျက်ရှိသည့် ပျိုးပင်များကို ဒေသခံပြည်သူများအနေဖြင့် တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း၊ လူမှုရေးအသင်းများ ကလည်းကောင်း၊ ကျေးရွာ နှင့် ရပ်ကွက်အတွင်းရှိ ဒေသခံများကလည်းကောင်း လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရ သည်။
အောင်စိုးဖေ(မြင်းမူ)