မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကျင်းပ

မြင်းမူ ဇွန်

စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှုသူအချင်းချင်း တွေ့ဆုံကာ စာပေအသိခြင်း ဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူ မြို့နယ်ရုံး ပြည်သူ့စာကြည်တိုက်တွင် ဇွန်လ()ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် သုတ/ရသစာပေများအပြင် စာဖတ်သူများ လက်တွေ့အသုံးချပညာပေးအဖြစ် စိုက်ပျိုး‌ရေးနှင့် မွေးမြူ‌‌‌ရေးဆိုင်ရာ အကြောင်းအရာစာအုပ်များမှ မိမိသိရှိနားလည်သည်များကို အချင်းချင်း အမြင်ချင်းဖလှယ်ရန်အတွက်   ပြန်/ဆက်ဦးစီးဌာနမှ ထုတ်ဝေသည့် ဒို့ကျေးရွာ မွေးမြူရေးနည်းလမ်းကောင်းများ စာအုပ်တွင် ပါရှိသည့် ဆိတ်မွေးမြူရေးတွင် သိသင့်သိထိုက် သော အကြောင်းအရာများ၊ ဆိတ်ငယ်ကလေးများ ထိန်းသိမ်းပြုစုစောင့်ရှောက်ခြင်း၊ ဆိတ်များ အတွက် လိုအပ်သော အာဟာရဓာတ်များ စသည့်အကြောင်းအရာများနှင့် ပတ်သက်၍ စာပေ ဝါသနာရှင်များက ဖတ်ကြားဆွေးနွေးခဲ့ကြသည်။                     

ယင်းနောက် ပြည်သူ့စာကြည့်တိုက်သို့ လစဉ်ရောက်ရှိလာသည့် သုတ/ရသစာအုပ်များကို ခင်းကျင်းပြသထားရာ စာပေဝါသနာရှင်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး  လာမည့်စာဖတ်ဝိုင်းတွင် ဖတ်ကြားဆွေးနွေးရန် စာအုပ်အား စုပေါင်းရွေးချယ်ခဲ့ကြသည်။  မြင်းမူ မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် အသိပညာပေးလုပ်ငန်းများဖြစ်သော စာဖတ်ဝိုင်းများ၊  စာအုပ်ပြပွဲများ၊ (talk show) အစီအစဉ်များကို အပတ်စဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

အောင်စိုးဖေ (မြင်းမူ)