လပွတ္တာမြို့တွင် သွေးလွန်တုပ်ကွေး ကြိုတင် ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate ) ဆေးခတ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

လပွတ္တာ ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၌ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊သွန်၊လဲ၊စစ်နှင့်အဘိတ် (Abate)ဆေးခတ်ခြင်း လုပ်ငန်းကို ယနေ့နံနက် ကလပွတ္တာမြို့ အမှတ်(၃)ရပ်ကွက်စံပယ်လမ်းရှိ နေအိမ်များတွင် ဆောင်ရွက်ခဲ့ကြသည်။

မိုးဦးရာသီတွင် ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားမှု များပြားလာနိုင်သဖြင့် ရေတင်ကျန် နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ပန်းအိုးများကို ဖုံး၊ သွန်၊ လဲ ၊ စစ်လုပ်ငန်း ဆောင်ရွက်ပြီးခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ အန္တရာယ်မှကင်းဝေးစေရန် ရေသိုလှောင်ကန်များ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်းမျာအား အဘိတ် (Abate) ဆေးခတ်ခြင်း လုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊သွန်၊လဲ၊စစ်နှင့် အဘိတ် (Abate) ဆေးခတ်ခြင်းကိုအမှတ် (၃)ရပ်ကွက်အမျိုးသမီး ရေးရာအဖွဲ့ခေါင်းဆောင် ဒေါ်တင်တင် ထွေးနှင့် အဖွဲ့ဝင်များ၊ မြိုမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ခေါင်းဆောင် ဒေါ်ညိုညိုစန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများပူးပေါင်းပြီး အဖွဲ့များခွဲကာ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်