အမြို့မြို့အနယ်နယ်သတင်းများ

Jun 05,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက သာယာဝတီမြို့ အထက(၁) ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများတက်ရောက်ကြသည်။
Jun 05,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေ စိမ်းလန်းစိုပြေ‌စေရေးစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းဆောင်ရွက်ခြင်းအား ယနေ့နံနက် ၉နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ ကျောက်တိုင်ကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jun 05,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ သစ်တောဦးစီးဌာန၏ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျိုက္ခမီမြို့ ဆုတောင်းပြည့် ရေလယ်ဆံတော်မြတ်ဘုရားဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။
Jun 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ(၀၂:၀၀)နာရီက   ဆရာကြီးဦးဖိုးကျား၏ ဘုရားဖူးသွားခြင်းဝတ္တုတိုစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြောင်း သိရသည်။
Jun 05,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ(၅) ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြင့် ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲ-ကမ်းနီ(ရွှေဂွန်း)ကားလမ်းနံဘေး ဝဲယာတစ်ဖက်စီ၌  ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများစုပေါင်း၍  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကွမ်တာကျေးရွာ ကားလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
Jun 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ကွမ်းခြံကုန်းမြို့၌ အသက်နှစ်လမှ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်က မြို့နယ်ပြည်သူ့ဆေးရုံးနှင့် ကျေးလက်ကျန်းမာရေးဆေးပေးခန်းတွင် ထိုးနှံပေးလျက်ရှိသည်။
Jun 05,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ညောင်ပင်လယ်ကျင်းကျေးရွာအုပ်စု၊ ရုံးပင်ကန်ကျေးရွာ ကျေးလက်ဖွံ့ဖြိုးရေးစိုက်ခင်းတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်အချိန်က အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သစ်ပင်စိုက်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Jun 05,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းချုပ်မှ  ကြီးမှူးကျင်းပခဲ့သော (၇၃) ကြိမ်မြောက် ၃၈ ဖြာ မင်္ဂလာတရားတော်နှင့်  ဗုဒ္ဓဝင်စာမေးပွဲ  ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့က မြို့မ (၄)ရပ်ကွက်ရှိ  ဓမ္မရာဇိန်ဘုန်းကြီးကျောင်း၌ ကျင်းပသည်။