သာပေါင်းမြို့နယ်ကျေးရွာအုပ်စုများ၌ ငါးသယံဇာတ၊ ရေသယံဇာတထိန်းသိမ်းရေး ဟောပြောပွဲများကျင်းပ

သာပေါင်း ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငါးသယံဇာတ၊ ရေသယံဇာတထိန်းသိမ်းရေးဟောပြောပွဲကို ဒါးကမကျီးကုန်းကျေးရွာအုပ်စု၊ ဇီးပင်ကွင်းကျေးရွာအုပ်စုများရှိ ပြည်သူများနှင့် ဇီးပင်ကွင်းကျေးရွာဓမ္မာရုံ၌ ဇွန်လ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က တွေ့ဆုံ၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ငါးသယံဇာတ/ရေသယံဇာတ ထိန်းသိမ်းရေးဟောပြောပွဲတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးအရာရှိဦးမျိုးသိမ်းမှ ဒါးကမကျီးကုန်းကျေးရွာအုပ်စု၊ ဇီးပင်ကွင်းကျေးရွာအုပ်စုနေ ပြည်သူများအား သားစဉ်မြေးဆက်ငါးစားသုံးနိုင်ရေး၊ ငါးထုတ်လုပ်မှုတိုးတက်စေရေး၊ ရေသယံဇာတ၊ ငါးသယံဇာတတိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပြီး ဝန်ထမ်းများကတတ်ရောက်လာကြသောပြည်သူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)