ဒဂုံတောင် ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ(၀၂:၀၀)နာရီက ဆရာကြီးဦးဖိုးကျား၏ ဘုရားဖူးသွားခြင်းဝတ္တုတိုစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် စာရေးဆရာနေစိုးသော်၊ စာရေးဆရာထီလာကျော်၊ စာရေးဆရာသက်ဝေမောင်၊ မသက်နှံတိုကစာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြသည်။ ဆရာကြီးဦးဖိုးကျား၏ ဘုရားဖူးသွားခြင်း ဝတ္တုတိုစာအုပ်ကိုဖတ်ရှုခြင်းဖြင့် ဘုရားဖူးသွားလာကြသည့် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကုသိုလ်ထူးကုသိုလ်မြတ်များရရှိသကဲ့သို့ မြတ်စွာဘုရားရှင်ဟောကြားတော်မှုခဲ့သော တရားတော်များအတိုင်း လိုက်နာကျင့်သုံးပါက ပိုမိုကုသိုလ်ထူးကုသိုလ်မြတ်များရရှိမည်ဖြစ်ကြောင်း အသိပညာပေးရေးသားထားကြောင်း ဆွေးနွေးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)