တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေ စိမ်းလန်းစိုပြေစေရေး စုပေါင်းသစ်ပင်စိုက်ပျိုး

တကောင်း   ဇွန်  ၅

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေ စိမ်းလန်းစိုပြေ‌စေရေးစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းဆောင်ရွက်ခြင်းအား ယနေ့နံနက် ၉နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ ကျောက်တိုင်ကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တကောင်းရှေးဟောင်းယဉ်မှုနယ်မြေသို့လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပခရီးသွား ပြည်သူများ အေးချမ်းစွာလည်ပတ်နိုင်စေရန်၊ မြို့စိမ်းလန်းစိုပြေ သန့်ရှင်းလှပစေရန်အတွက် မြို့အုပ်ချုပ်ရေးမှူးဦးဇော်လင်းနိုင် ဦးဆောင်၍ နယ်မြေစခန်းမှူးရဲအုပ်အောင်ကိုဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးမှူးဦးမျိုးသူနှင့် တပ်ဖွဲ့ဝင်များ၊ မြို့သစ်တောဦးစီးဌာနမှ တောခေါင်း ဦးလွင်မိုးကျော်၊ မြို့ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့မိ၊မြို့ဖများ စုစုပေါင်းအင်အား (၄၀)ဦးဖြင့် စိန်ပန်း(၅၀)ပင်၊ပိတောက် (၁၀)ပင်၊တမာ(၃၀)ပင်အား စိုက်ပျိုးခဲ့ ကြောင်းသိရသည်။

သီရိ