သာယာဝတီမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ် အခမ်းအနားပြုလုပ်

သာယာဝတီ ဇွန် ၅

၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက သာယာဝတီမြို့ အထက(၁) ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက ၂၀၂၃ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ဖြေရှင်းဆောင်ရွက်စို့ "Solullons to Plastic Pollution" ဆောင်ပုဒ်အား ဖတ်ကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်သန္တာဖွေးက ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr. Antonio Guterres မှပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။

ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip အား ပြသခဲ့ပြီး  သာယာဝတီခရိုင်အဆင့်၌ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများဆု(Clean and Green School Award) အထက်တန်းအဆင့် ပထမဆုရရှိသည့် မိုးညိုမြို့နယ်၊ အ.ထ.က (ရေကင်း) ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းကလည်းကောင်း၊ မူလတန်းအဆင့် ပထမဆုရရှိသော မင်းလှမြို့နယ်၊ အ.​မ.ကလွန် (ဆင်အိုင်ရွာမ)ကျောင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး လင်းထင်ကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပေးအပ်ကြရာ ကျောင်းအုပ်ကြီးများက လက်ခံရယူသည်။

ယင်းနောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ၂၀၂၃ခုနှစ်၊ ဇွန်လ(၅)ရက်​နေ့တွင်ကျ​ရောက်သည့်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း​ရေး​နေ့ (World Environment Day)အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့​ပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ ဆက်)