အမြို့မြို့အနယ်နယ်သတင်းများ

Jun 05,2023
၂၀၂၃နှစ် ဇွန်လ(၅)ရက်‌နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာ့တစ်ဝှမ်း နေရာဒေသအသီးသီးတွင် “ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ကြပါစို.” “Solutions to Plastic Pollution” ဆောင်ပုဒ်ဖြင့် အခမ်းအနားများကို ကျင်းပလျက်ရှိကြရာ မြိတ်မြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ Green Eyes Hotel ခန်းမတွင် အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့သည်။
Jun 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား First Booster Sinopharm (၁၀၁)ဦး၊ Second Booster Sinopharm (၁၃၆)ဦး၊ Third Booster Sinopharm (၁၈၈)ဦးတို့ကို Sinopharm ထပ်ဆောင်း ထိုးနှံနိုင်ခဲ့သည်။
Jun 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက မိုးသီးနှံ စနစ်တကျ စိုက်ပျိုးနိုင်ရန် GAP နည်းပညာပေး ရက်တိုသင်တန်းကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က အဆိုပါဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်နာနိုင်ရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 05,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာတို့ ပူးပေါင်း၍ စာရေးဆရာမတင်တင်၀င်း (စာပေဗိမာန်)၏အမျိုးသမီးများ ကဏ္ဍဖွံ့ဖြိုးရေး စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂) နာရီက လူထုအခြေပြုဗဟိုဌာန(Community   Centre) ခန်းမတွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။
Jun 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတွင် ဇွန်လ ၅ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရှိရသည်။
Jun 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့မဈေးရှေ့တွင် ယနေ့နံနက်ပိုင်းက e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူမှတ်ပုံတင်ခြင်းလုပ်ငန်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဖြန်ဝေပေးခဲ့သည်။
Jun 05,2023
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် online မှ အဖြူရောင်အန္တရာယ် သိကောင်းစရာ အသိပညာပေး (Talk Show) ကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။