သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားပြုလုပ်

သံဖြူဇရပ် ဇွန် ၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ သစ်တောဦးစီးဌာန၏ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျိုက္ခမီမြို့ ဆုတောင်းပြည့် ရေလယ်ဆံတော်မြတ်ဘုရားဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ သံဖြူဇရပ်တပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦးနှင့် တပ်မတော် သားများ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ ကျိုက္ခမီမြို့ဂေါပက  အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှားအပင် ၁၀၀ နှင့် မဟော်ဂနီ အပင် ၁၀၀ စုစုပေါင်းအပင်(၂၀၀)အား တပျော်တပါး စုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ကြသည်။

ထို့အပြင် သံဖြူဇရပ် မြို့နယ်သစ်တောစိုက်ခင်းအတွင်း မန်ဂျန်ရှား၊ မဟော်ဂနီ၊ ပျဥ်းကတိုး၊ ပိတောက်၊ သင်္ကန်း၊ကျွန်း ပျိုးပင်ပေါင်း ၂၅၀၀၀ခန့် ပျိုးထောင်ထားရှိပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့်ပြည်သူများ မှလိုအပ်ပါက စိုက်ပျိုးနိုင်ရေးအတွက် ပျိုးထောင်ထားရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက် )