သာပေါင်း ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်က စာစစ်ဌာန(၄)ခုတို့တွင် ထုတ်ပြန်ကြေညာရာ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘ ညီအကို မောင်နှများနှင့် ဆွေမျိုးများ လာရောက် ကြည့်ရှုလျက်ရှိသည်။
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) စာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း (ဇီးဖြူကွင်း) စာစစ်ဌာန၊ အခြေခံပညာ အထက်တန်းကျောင်း (ဘုရားကုန်း) စာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း (စက်ဒေါင့်ကြီး) စာစစ်ဌာန၊ စာစစ်ဌာန (၄)ခုတို့တွင် ဝင်ရောက်ဖြေဆိုသူ (၆၁၈)ဦး ဖြေဆိုကြရာ၊ ဖြေဆိုအောင်မြင်သူ (၄၄၂)ဦးရှိပြီး (၁)ဘာသာဂုဏ်ထူးရ (၉၈)ဦး၊ (၂)ဘာသာဂုဏ်ထူးရ (၇၉)ဦး၊ (၃)ဘာသာဂုဏ်ထူးရ (၅၇)ဦး၊ ရိုးရိုးအောင်မြင်သူ (၂၀၈)ဦး၊ ရူပဗေဒဘာသာ ဂုဏ်ထူးရ (၁၀)ဦး၊ ဇီဝဗေဒဘာသာ ဂုဏ်ထူးရ(၁၂)ဦး၊ ပထဝီဝင်ဘာသာ ဂုဏ်ထူးရ(၁၃၃)ဦး၊ သမိုင်းဘာသာ ဂုဏ်ထူးရ (၁၅၅)ဦး၊ ဘောဂဗေဒဘာသာ ဂုဏ်ထူးရ (၁၁၇)ဦး ပေါင်း(၄၂၇)ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်း (၇၁.၅၂%)ရှိကြောင်း မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်ထံမှ သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)