ရန်ကုန် ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကလေးအလုပ်သမားဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လော်ပန်ဘီစကစ်မုန့်စက်ရုံ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ကျင်းပရာတွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အင်းစိန်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးထွန်းအောင်ကျော်၊ ဦးစီးအရာရှိဒေါ်သိမ့်သိမ့်စိုး(အလုပ်သမား ဥပဒေစစ်ဆေးရေး)တို့က ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမား ဖြစ်ပေါ်တဲ့ အကြောင်းအရင်း၊ ဤဦးစီးဌာနမှ ကလေးအလုပ်သမားများအတွက် ကာကွယ်ပေးထားသည့်ရပိုင်ခွင့်များ၊ ကလေးအလုပ်သမားများခိုင်းစေလျှင် ကျခံနိုင်မည့်ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအတွက် နိုင်ငံတော်မှဆောင်ရွက်နေမှုများ စသည်တို့ကို အသိပညာပေးဆွေးနွေးသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်(၄)အတွင်းရှိ လော်ပန်ဘီစကစ်မုန့်စက်ရုံ၊ အောင်ကျော်ကြာဆံစက်ရုံ၊ ဓူဝံကြာဆံစက်ရုံ၊ ကသစ်ဦးမုန့်လုပ်ငန်းတို့မှ တက်ရောက်သူ မန်နေဂျာများနှင့် အလုပ်သမားကျား(၁၃)ဦး၊ မ(၈)ဦး၊ စုစုပေါင်း(၂၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)