ကောလင်းမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်ကြေညာ

ကောလင်း ဇွန် ၉

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း (မြောက်အင်း)တွင် ယနေ့ နံနက်ပိုင်း အချိန်က ထုတ်ပြန် ကြေညာခဲ့ရာ ၄၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

ကောလင်းမြို့အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပပြုလုပ်ခဲ့သော အ.ထ.က-(မြောင်းအင်း) စာစစ်ဌာနတွင် အလွတ်ဖြေဆိုသူစုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၂၅) ဦး ဝင်ရောက် ဖြေဆိုခဲ့ရာ တစ်ဘာသာဂုဏ်ထူးရှင် (၄) ဦး၊ ရိုးရိုးအောင်မြင်သူ (၆) ဦး စုစုပေါင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူ ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးရှိပြီး အောင်ချက် ရာခိုင်နှုန်းအနေဖြင့် ၄၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

မင်းမင်း