တနိုင်း ဇွန် ၉
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၆၀) ဦးဝင်ရောက်ဖြေဆိုရာ အောင်မြင်သူ (၂၈၂)ဦး ရှိကြောင်း သိရှိရသည်။
၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တနိုင်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနမှ ပြင်ပဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၂၁၃) ဦး အောင်မြင်ခဲ့ပြီး ရိုးရိုးအောင်မြင်သူ (၁၂၈)ဦး၊ တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၄၀) ဦး၊ နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၂၄) ဦး၊ သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၈) ဦးနှင့် လေးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၃) ဦးရှိပြီး စာမေးပွဲဖြေဆိုအောင်မြင်သည့် ရာခိုင်နှုန်းမှာ (၇၈.၀၂) ရာခိုင်းနှုန်းရှိပြီး တနိုင်းခရိုင်၊ ရှင်ဗွေယန်စာစစ်ဌာန (အပြင်ဖြေ) ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၉)ဦး အောင်မြင်ခဲ့ပြီး ရိုးရိုးအောင်မြင်သူ (၃၇) ဦး၊ တစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၈) ဦး၊ နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၁) ဦး၊ သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၃) ဦး ရှိပြီး စာမေးပွဲဖြေဆိုအောင်မြင်သည့် ရာခိုင်နှုန်းမှာ (၇၉.၃၁) ရာခိုင်းနှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။
ပိုင်ထွန်း(တနိုင်း)ဆ