သုံးခွမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ် တက္ကသိုလ်၀င်ခွင့်စာမေးပွဲ အောင်စာရင်းထုတ်ပြန်

သုံးခွ ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊‌ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ်  မတ်လ ၈ရက်နေ့တွင် ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့်စာမေးပွဲအောင်စာရင်းကို စာစစ်ဌာန(၁)ဖြစ်သည့် အ.ထ.က(၁) စာသင်ကျောင်းတွင် ယနေ့နံနက်ပိုင်းကထုတ်​ပြန်လျက်ရှိကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၀)ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ(၁၀)ကျောင်းက စုစုပေါင်းကျောင်းပေါင်း (၂၀)မှ ဖြေဆိုသူ ကျောင်းသား/ သူ (၃၀၉) ဦး၊ ရှိသည့်အနက် စာမေးပွဲ‌အောင်မြင်သူ ကျောင်းသား/ သူ (၂၂၇)ဦးရှိကြောင်းသိရပြီး (၁)ဘာသာ ဂုဏ်ထူးရှင် (၅၂)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၂၇)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၅)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၆)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ စုစုပေါင်း (၉၇) ဦးဂုဏ်ထူးဘာသာရပ်များဖြင့် အောင်မြင်ကြပြီး ရာခိုင်နှုန်းအနေဖြင့် ၇၃.၄၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

စည်သူလင်း (ပြန်/ ဆက်)