မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ၆၂.၅၁ ရာခိုင်နှုန်းအောင် မြင်မှုရှိ

မြောက်ဦး  ဇွန် ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ မေးပွဲအောင်မြင်သူများစာရင်းအား ယနေ့နံနက် ၆ နာရီ အချိန်မှစတင်၍ ထုတ်ပြန်လျက်ရှိရာ ကျောင်းသူ/ကျောင်းသားများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့နယ်တွင် စာစစ်ဌာန(၃)ခုရှိပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၇၅)ဦးရှိကာ စာမေးပွဲအောင်မြင်သူ (၅၄၇) ဦးနှင့် ၄ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၈ ဦး နှင့် ၁ ဘာသာဂုဏ်ထူးရှင် ၆၃ ဦး တို့ ရှိရာ အောင်ချက်ရာခိုင်နှုန်းမှာ (၆၂.၅၁ )  ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြင့်စိုး (ပြန်/ဆက်)