ဝန်းသိုမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်

ဝန်းသို ဇွန် ၉

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဝန်းသို)တွင် ယနေ့ နံနက် ၆ နာရီအချိန်က ထုတ်ပြန် ကြေညာခဲ့ရာ ၆၆ ဒသမ ၆၇ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

ဝန်းသိုမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပပြုလုပ်ခဲ့သော အ.ထ.က-ဝန်းသို စာစစ်ဌာနတွင် အလွတ်ဖြေဆိုသူ ကျား(၅၄) ဦး၊ မ(၉၆)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦး ဝင် ရောက်ဖြေဆိုခဲ့ရာ ‌ခြောက်ဘာသာဂုဏ်ထူးရှင် (၄) ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၄)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁၀)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၅)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၂၃)ဦး စုစု ပေါင်းဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ (၅၉)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၄၁)ဦး စုစုပေါင်းတက္ကသိုလ်ဝင်စာ မေးပွဲအောင်မြင်ခဲ့သူ ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၆၆ ဒသမ ၆၇ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်း