အမြို့မြို့အနယ်နယ်သတင်းများ

Jun 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်စီးနင်းနိုင်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည်။
Jun 11,2023
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို လွိုင်ကော်မြို့နယ်အတွင်းရှိ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
Jun 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အခြေခံပညာ ကျောင်းများဖွင့်လှစ်ချိန်တွင် ကျောင်း သား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင် ကြားနိုင်‌ရေး ကျောင်းဥပဓိရုပ်ကောင်းမွန်လှပစေရန်အတွက် ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က ပေါင်းလင်း ကျေးရွာအုပ်စု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံပညာအထက်တန်းကျောင်း (ပေါင်းလင်း)နှင့် ပေါင်လင်း အခြေခံ ပညာအထက်တန်‌ကျောင်း(ခွဲ)တို့တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
Jun 11,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ ဒေသခံပြည်သူ များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇွန်လ (၇) ရက်နေ့နှင့် (၉) ရက်နေ့တို့တွင် သက်မှတ်စုရပ်များ၌ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 11,2023
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းထွန်းသည် ယမန်နေ့ နံနက် (၈) နာရီက နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ နန့်ဟူးဂူ ကျေးရွာတွင်ပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီလူထုသစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားကာ မန်ဂျန်ရှားပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
Jun 11,2023
မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ၇၀ x ၇၂လမ်းကြား၊ သိပ္ပံလမ်းရှိ Mandalay Convention Center (MCC)တွင် ၂၀၂၃ ခုနှစ် စိမ်းလန်းစွမ်းအင်ပြပွဲ (မန္တလေး) (Green Energy Fair 2023) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 11,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ဇီးဒိုင်ကျေးရွာအုပ်စု၊ ပဲပုတ်ကျေးရွာတွင် ယမန်နေ့နံနက် (၀၄:၂၀) အချိန်ခန့်က လူနေအိမ် (၂) လုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်။
Jun 11,2023
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့်မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနတို့ပူး​ပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်​ရေးနှင့်မူးယစ်​ဆေးဝါးအန္တရာယ် တားဆီးကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲ၊ စာအုပ်စာ​စောင်ပြပွဲကို ယမန်​နေ့ည​နေပိုင်းကဖား​ဆောင်းမြို့၊ ​မြောက်ပိုင်းရပ်ကွက်ရှိအ​ခြေခံ ပညာအထက်တန်း​ကျောင်း(ပညာရတနာခန်းမ)​ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။