အမြို့မြို့အနယ်နယ်သတင်းများ

Jun 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းမ သီတာအေးပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်းသုံးသောင်းငါးထောင်ကျော်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ ပျိုးထောင်ထားရှိပြီး ပျိုးထောင်ထားသည့် ပျိုးပင်များကိုလည်း ယခုနှစ်မိုးရာသီတွင် သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာ နေပြည်သူများကို(အခမဲ့)ဖြန့်ဝေ ပေးလျက်ရှိကြောင်းလည်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
Jun 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်း နှင့် အဘိတ်ဆေးခတ် ခြင်းများကို ယမန်နေ့က အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့ရာ ကြက်ခြေနီသူနာပြု တပ်ဖွဲ့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။
Jun 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာများနှင့် မိုးစပါးစိုက်အကျိုးဆောင်တောင်သူများအား မိုးစပါးစံပြကွက်များအတွက် ရေမြေဒေသနှင့်ကိုက်ညီပြီး အထွက်ကောင်းသည့် ဆင်းသုခမျိုးစပါး(၂၀၁၀)တင်းနှင့် ကော်ဖီစိုက်ပျိုးလိုသူများအတွက် ကော်ဖီပျိုးပင်(၃၁၆၀၀)ပင် အခမဲ့ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပုလဲရတနာခန်းမတွင် ကျင်းပခဲ့သည်။
Jun 10,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ကလေးငယ်များ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်‌အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူး‌ပေါင်း၍ ယနေ့နံနက်ပိုင်းက ကျောက်တံခါး မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 10,2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ် (မန္တလေး)၏ (၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 10,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၃ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက်(၈)နာရီက လမုန်ကျေးရွာ၊ လီဒိုလမ်းမကြီးလမ်းဘေးဝဲ/ယာ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jun 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရေး၊ ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများကို ယနေ့နံနက်ပိုင်းက အမှတ်(၈)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
Jun 10,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့ ညနေ ၃ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။