Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမြဲတမ်းဝန်ထမ်းများ၏ သားသမီးများအတွက် ပညာသင်ထောက်ပံ့ကြေးငွေများ ပေးအပ်
Jun 11,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ဌာနရှိ အမြဲတမ်းဝန်ထမ်းများ၏ သားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကနီမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ရာသီဥတုများ ဖောက်ပြန်လာမှု၊ ဂေဟစနစ်ကို ပြန်လည်ထိန်းညှိနိုင်စေရန်နှင့် ရာသီဥတု ညီညွတ်မျှတလာစေရန်တို့ကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ကနီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၁၀ ရက်နေ့က အမှတ် ၂ ရပ်ကွက် ပေါ်တော်မူဘုရားသွားလမ်း အရှေ့ဘက်တွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတခရိုင်တွင်မိုးစပါး(၁)ဧကလျှင် (၁၀)တင်းနှုန်း တိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် တောင်သူများသို့ မျိုးစပါး၊ ဓာတ်မြေဩဇာ၊ ပေါင်းသတ်…
Jun 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေများအား တောင်သူများသို့ ပေးအပ်ပွဲနှင့် ၂၀၂၃-၂၀၂၄ ခုနှစ် ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များ၌မိုးစပါး(၁)ဧကလျှင် (၁၀)တင်းနှုန်း တိုးတက်ရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူများသို့ မျိုးစပါး၊ ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး၊ မှိုသတ် ဆေးများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟင်္သာတမြို့၊ တာကလေး ရပ်ကွက် နတ်မော်လမ်းရှိ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပမည်
Jun 11,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ၂၀၂၃ခုနှစ်၊ ဇွန်လ(၁၅) ရက်နေ့ နံနက်(၁၀)နာရီမှ (၁၂)နာရီထိ Grade-4မှ Grade -8အထိ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း (၂၁) ကြိမ်မြောက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ
Jun 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် (၂၁) ကြိမ်မြောက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့ညနေပိုင်းက ပန်းဘဲတန်းရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တမူးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ၊ဉာဏ်စမ်းပဟေဠိပြိုင…
Jun 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နေ့လယ် (၂)နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jun 11,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်
Jun 11,2023
နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၂၅ ဦး ၊ အမျိုးသမီး ၄၈ ဦး၊ စုစုပေါင်း ၁၇၃ ဦးအား ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှလွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးမှုများ အထူးကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11014
Page
11015
Page
11016
Page
11017
Current page
11018
Page
11019
Page
11020
Page
11021
Page
11022
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department