အမြို့မြို့အနယ်နယ်သတင်းများ

Jun 15,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဒေသတွင်းဝမ်းစာဖူလုံရေး၊ ဆီထွက်သီးနှံပိုမို တိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးစသည့် စိုက်ပျိုးရေးကဏ္ဍလုပ်ငန်းများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကျေးရွာအုပ်စု(၁၃)အုပ်စုတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Jun 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် ပြည်သူများ သစ်တောသစ်ပင်များ ချစ်မြတ်နိုးတတ်စေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်၊ စိမ်းလန်းစိုပြေစေရန်၊ ရာသီဉတုမျှတစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၃-ခု မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီက တန့်ယန်း-ပန်ဆန်း ကားလမ်းဘေး ရန်အောင်မြင်စေတီအနီး ထင်းရှူးစိုက်ခင်း၌ ကျင်းပသည်။
Jun 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအသင်းတို့ ပူးပေါင်းပြီး မိသားစု တစ်နိုင်တစ်ပိုင်လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေရရှိရေး ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Jun 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းများကို ယမန်နေ့ ညနေ ၃ နာရီအချိန်က သီရိရွှေသာဈေးအတွင်း၊ အပြင်တွင် ဆောင်ရွက်ခဲ့ကြသည်။
Jun 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းမှန်ကန်စွာရောင်းချနေမှု ရှိ/မရှိကို မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမြင့်‌အောင် ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယမန်နေ့ နံနက် ၈ နာရီ ၃၀ အချိန်ခန့်တွင် ကန်ကြီးထောင့် မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ကမ်းနားလမ်းရှိ၊ မြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Jun 15,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူ ကလေးများ ပျော်ရွှင်အေးချမ်းစွာဖြင့် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
Jun 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဉာဏ်ရည်၊ ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
Jun 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု ညောင်ဝိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဇွန်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်း၌ တစ်လုံးထိုး ဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။