မြို့သစ် ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူ ကလေးများ ပျော်ရွှင်အေးချမ်းစွာဖြင့် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် အခြေခံပညာကျောင်း (၉၀)၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း (၁)ကျောင်း၊ စုစုပေါင်း ၉၃ ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင် စုစုပေါင်း ကျောင်းသားလူငယ် (၃၀၇၀၈)ဦးကျော် တက်ရောက်၍ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်အတွင်း၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်နိုင်သေးသော ကျောင်းသား/ကျောင်းသူများကိုလည်း ဇွန်လကုန်အထိ နောက်ဆုံးထား၍ ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးနေကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)