ပလောက် ဇွန် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအသင်းတို့ ပူးပေါင်းပြီး မိသားစု တစ်နိုင်တစ်ပိုင်လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေရရှိရေး ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က မိသားစုအပိုဝင်ငွေရရှိရေး၊ တစ်ပိုင်တစ်နိုင် မိသားစုစီးပွားရေး လုပ်ကိုင်လိုသူများအတွက် အချိန်ကို အကျိုးရှိစွာ အသုံးချပြီး အရင်းအနှီးနည်းနည်းဖြင့် အကျိုးအမြတ်ရသည့် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်အိမွန်ထွေးက ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်း အဆင့်ဆင့်ကို လက်တွေ့ပြသပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းသို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့အမျိုးသမီးရေးရာ အသင်းဝင် များနှင့် ရပ်ကွက်/ကျေးရွာများမှ သင်တန်းသူ (၁၆) ဦး တက်ရောက်ခဲ့ပြီး ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်ရာတွင် ပါဝင်သောပစ္စည်းများကို အချိုးကျရောစပ်ကာ ကိုယ်တိုင်လက်တွေ့ ပါဝင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင်