Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ်၌ စားနပ်ရိက္ခာဖူလုံစေရန် မိုးသီးနှံ ပဲတီစိမ်းကို သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့
Jun 15,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက မိုးသီးနှံစိုက်ပျိုးရာသီချိန်တွင် ပဲတီစိမ်းသီးနှံ စိုက်ပျိုးခြင်းကို စားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် နှစ်စဉ် အားထားစိုက်ပျိုးလျက်ရှိရာ ယခုနှစ် မိုးသီးနှံတွင်လည်း ဒေသခံတောင်သူများက လျာထားဧက ပြည့်မီရေးအတွက် မေလအတွင်းက ရွာသွန်းခဲ့သည့် မိုးဖြင့် ကြိုးပမ်းစိုက်ပျိုးခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ချီဖွေမြို့စည်ပင်သာယာဈေး သန့်ရှင်းသပ်ရပ်ပြီး ခရိုင်မြို့အင်္ဂါရပ်နှင့် အညီ အဆင့်မြှင့်တင်ဆောင်ရွက် နိုင်ရေးနှင့် စ…
Jun 15,2023
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့ သန့်ရှင်းသာယာလှပပြီး ချီဖွေမြို့မဈေး သန့်ရှင်းသပ်ရပ်ပြီး ခရိုင်မြို့အင်္ဂါရပ်နှင့် အညီ ဈေးအဆင့်မြှင့်တင်နိုင်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သည် တာဝန်ရှိသူများနှင့် အတူ ဇွန် ၁၃ ရက်နေ့ နံနက် ၇ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်
Jun 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက် နိုင်ရေး၊ အဘိတ်ဆေးခတ်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ တန်ဖိုးသင့်စားသောက်ကုန်များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချပေး
Jun 15,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်သူများတန်ဖိုးသင့်စားသောက်ကုန်များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက် ၆ နာရီက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား လုပ်ငန်းရှင်များထံသို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
Jun 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် အခြားစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ငွေများအား လုပ်ငန်းရှင်များထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်တွင် ကုန်ဈေးနှုန်းများအား သတ်မှတ်ဈေးနှုန်းများအတွင်းရောင်းချမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး
Jun 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကုန်ဈေးနှုန်းများအား သတ်မှတ်ဈေးနှုန်းများအတွင်း ရောင်းချမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ ဂုဏ်ဆောင်နိုင်ခဲ့သော ကချင်ပြည်နယ်မှ မြန်မာ့လက်ရွေးစင်အားကစားသမားများအား…
Jun 15,2023
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် ကချင်ပြည်နယ်မှ မြန်မာ့လက်ရွေးစင်အားကစားသမားများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဂုဏ် ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၁၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့၌ စားသုံးသူရေးရာဦးစီးဌာနနှင့်ပုသိမ်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ဆီတစ်ပိဿာ(၄၁၀၀)ကျပ်နှုန်းဖြင့်ရောင်းချပေး
Jun 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပုသိမ်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ငပုတောမြို့တောင်ပိုင်းရပ်ကွက်ဒေါနလမ်းတွင် ဆီတစ်ပိဿာ (၄၁၀၀) ကျပ်ဖြင့် ဒေသခံပြည်သူများကို သက်သာသော စျေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည် ။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10988
Page
10989
Page
10990
Page
10991
Current page
10992
Page
10993
Page
10994
Page
10995
Page
10996
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department