တန့်ယန်း ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် ပြည်သူများ သစ်တောသစ်ပင်များ ချစ်မြတ်နိုးတတ်စေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်၊ စိမ်းလန်းစိုပြေစေရန်၊ ရာသီဉတုမျှတစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၃-ခု မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီက တန့်ယန်း-ပန်ဆန်း ကားလမ်းဘေး ရန်အောင်မြင်စေတီအနီး ထင်းရှူးစိုက်ခင်း၌ ကျင်းပသည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက ခရိုင်နှင့် မြို့နယ်တို့မှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်ပြည်သူများအား စိုက်ပျိုးမည့် သစ်ပင်ပျိုးပင်များကို ပေးအပ်ကြပြီး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ကြသည်။
၂၀၂၃-ခု မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း ၁၀၀ ပင်၊ ထင်းရှူး ၁၀၀ ပင်၊ ရေသင်းဝင် ၁၀၀ ပင်၊ ယမနေ ၁၀၀ ပင်၊ ခါတော်မီ ၁၀၀ ပင်၊ စုစုပေါင်း (၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)