အမြို့မြို့အနယ်နယ်သတင်းများ

Jun 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများအကြီးအကဲများ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Jun 14,2023
ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကိုအသုံးပြုပြီး ရေရှည်ကုန်ကျစရိတ် သက်သာစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် နည်းပညာတက္ကသိုလ်(ဘားအံ)တို့ ပူးပေါင်းဆောင်ရွက်သော 3.5m³ Biogas Digester Project ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံပညာရေးဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။
Jun 14,2023
စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး လူမှု ဝန်ထမ်းဦးစီးဌာနရုံး (မုံရွာ) အစည်းအဝေးခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦး အရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်‌ရောက် ခဲ့ကြသည်။
Jun 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)နှင့် မေတ္တာလွမ်းခြုံစေတနာသွေးလှူရှင်အသင်းတို့ ပူးပေါင်း၍ (Wold Blood Donar Day) ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြကန်သာရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ကျင်းပသည်။
Jun 14,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၄)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့သွေးလှူရှင်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်သွေးလှူရှင် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မယ်ဒီလန်းဆေးရုံ၌ကျင်းပသည်။
Jun 14,2023
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဇေယျာရပ် အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ကျောင်းသား/သူလေးများအား ဖိတ်ခေါ်၍ စကားပုံဆက်ပြိုင်ပွဲ ကျင်းပပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား First Booster Sinopharm (၄၁)ဦး၊ Second Booster Sinopharm (၆၀)ဦး၊ Third Booster Sinopharm (၄)ဦးတို့ကို Sinopharm ထပ်ဆောင်းထိုးနှံနိုင်ခဲ့သည်။
Jun 14,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။