သာပေါင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

သာပေါင်း ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းများကို ယမန်နေ့ ညနေ ၃ နာရီအချိန်က သီရိရွှေသာဈေးအတွင်း၊ အပြင်တွင် ဆောင်ရွက်ခဲ့ကြသည်။

သီရိရွှေသာဈေးအတွင်း၊ အပြင်နေရာတို့တွင် ပိုးလောက်လမ်း ပေါက်ပွားနိုင်သည့် နေရာများကို စစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သော တာယာကွင်း များ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး၊ ပိုးလောက်လမ်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံ စစ်ဆေးပြီး ပတ်ဝန်းကျင်တွင် ခြင်ပေါက်ပွားမှု မရှိစေရေး သန့်ရှင်းရေးဆောင်ရွက်ရန်တို့ကို အသိပညာပေးမှာကြားပြီး ရေကန်များ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်းတို့ကို သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိပ်နင်းရေးလုပ်ငန်းစဉ်များအား မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်၊ စည်ပင်သာယာရေးအဖွဲ့များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများနှင့် ငှက်ဖျားတိုက်ဖျက်‌ ရေးဌာန၊ ဦးရဲဇော်(ဆေးဖျန်း)နှင့် ဦးသော်ဇင်အောင်(ဆေးဖျန်း)တို့က ဈေးဆိုင်ခန်းများ၊ သန့်စင်ခန်းများနှင့် ဈေးအတွင်း အပြင် ပတ်ဝန်းကျင်နေရာအနှံ့တို့ကို မာလာသီရွန် ခြင်ဆေးဖျန်း ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်