ကျွန်းလှ ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်သူများတန်ဖိုးသင့်စားသောက်ကုန်များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက် ၆ နာရီက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများက ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ကြက်ဥသုံးလုံးပါ ပစ္စည်းသုံးမျိုးကို ငွေကျပ် ၃၀၀၀နှင့် ကြက်ဥငါးလုံး ငွေကျပ် ၁၀၀၀ ဖြင့် အိမ်ထောင်စု ၂၀၀ အား လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)