ငပုတောမြို့၌  စားသုံးသူရေးရာဦးစီးဌာနနှင့်ပုသိမ်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ဆီတစ်ပိဿာ(၄၁၀၀)ကျပ်နှုန်းဖြင့်ရောင်းချပေး

ငပုတော ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပုသိမ်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ငပုတောမြို့တောင်ပိုင်းရပ်ကွက်ဒေါနလမ်းတွင် ဆီတစ်ပိဿာ (၄၁၀၀) ကျပ်ဖြင့် ဒေသခံပြည်သူများကို သက်သာသော စျေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ ရောင်းချပေးလျက်ရှိရာ ပုသိမ်ခရိုင်၊ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်း နှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများအားဆီပိဿာချိန် (၅၅၀)ခန့်အား  ရောင်းချပေးခဲ့ပြီး  ယင်းသို့ရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက လာရောက်ကြည့်ရှု့အားပေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)