ကျိုင်းလပ်မြို့၌လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကျိုင်းလပ် ဇွန် ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေ ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရုပ်သံကျွမ်းကျင်-၃ ဒေါ်မေဇင်ဦးက ပြိုင်ပွဲ များ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများကိုကျင်းပရာ စာဖတ်စွမ်းရည် ပြိုင်ပွဲကိုကျောင်းသား၊ ကျောင်းသူ (၁၄)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ၀န်ထမ်းများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ပြည်သူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ အသိပညာဗဟုသုတ ရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်၍ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊  အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မေဇင်ဦး( ပြန်/ ဆက်)