ဝါးခယ်မ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကုန်ဈေးနှုန်းများအား သတ်မှတ်ဈေးနှုန်းများအတွင်း ရောင်းချမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှုး ဦးအောင်မိုးတို့မှ ဝါးခယ်မမြို့ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကြက်ဥ၊ ဘဲဥ၊ ဝက်သား၊ ကြက်သား၊ အမဲသား၊ ဆိတ်သား၊ ငါး၊ ပုဇွန်၊ ငါးပိ အစရှိသည့် ကုန်စို၊ ကုန်ခြောက်ရောင်းချနေမှုအား သတ်မှတ်စျေးနှုန်းများအတွင်း ရောင်းချမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး၍ စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)