သီပေါ ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မန်ဟဲကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ(၁) နာရီက အသိပညာပေး ဟောပြောပွဲ နှင့်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်အိအိမျိုးက မုန်တိုင်းဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို ကျောင်းသား၊ ကျောင်းသူ များအားဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း၊ ဆက်လက်၍ မုန်းတိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့် စာရေးကိရိယာများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)