သရက်မြို့၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပ

သရက် ဇွန် ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။ 

အဆိုပါ ဟောပြောပွဲတွင် ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်က အဖွင့်အမှာ စကား ပြောကြားပေးခဲ့ပြီး ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်သဲအိက  သွေးလွန်တုပ်ကွေး ရောဂါနှိမ်နင်းရေး နှင့် ပတ်သက်၍ ဖုံး၊သွန်၊ လဲ၊စစ်၊ ခတ်၊ထောင်၊ လောင်း၊ ဖွင့် ၊ရှင်း၊ မြှုပ်၊ ထည့် အကြောင်း အရာများကို ရှင်းလင်းပေးခဲ့သည်။

ထို့နောက် ငှက်ဖျားမှူး ဦးကျော်ထွန်းက ခြင်မှတဆင့် ကူးစက်တက်သည့် ရောဂါများ အကြောင်း ပြောကြားပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေး ဝန်ထမ်းများက သွေးလွန် တုပ်ကွေးရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)