ကွမ်းခြံကုန်း ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့၏ဦးဆောင်မှု၊ မြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်ကျင်းစိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် အပူချိန်လျှော့ချစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်(၇)နာရီအချိန်က မြို့ရှောင်လမ်း လမ်းဘေးဝဲယာတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် အမှတ်၂ နည်းဗျုဟာမှူး ဗိုလ်မှူးကြီး မင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးရဲတင့်၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးသန်းလွင်၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလူမင်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲနှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်းနှင့် ဒေသခံပြည်သူများက မန်ဂျန်ရှား (၂၀၀) ပင်နှင့် စိန်ပန်း (၁၀၀) ပင်၊ စုစုပေါင်း (၃၀၀) ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)