ဗိုလ်တထောင် ဇွန် ၁၆
ရန်ကုန်တိုင်းဒသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်ထောင်မြို့နယ်တွင် ဘေးအန္တရာယ်ကင်းရှင်း၍ စားသုံးရန်သင့်လျော်သော အစားအသောက်ရရှိရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈:၃၀ အချိန်က ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းစည်ပင်သာယာရေးကော်မတီ ၁၂ ထပ်ခွဲရုံး ဒုတိယထပ်၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မတီဝင်ဒေါက်တာငွေစန်းမှသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဒေါက်တာမြင့်သန်းထွန်းမှ အစားသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများနှင့် သက်ဆိုင်ဘာသာရပ် ဆရာများကအသီးသီးသင်ကြားပို့ချကြသည်။
အဆိုပါသင်တန်းတွင် ရန်ကုန်တိုင်းအတွင်းရှိပြည်သူများ အစားသောက်များဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် သင်တန်းများအား လက်တွေ့ကွင်းဆင်းမှုများအနေဖြင့် ကမာရွတ်မြို့နယ်ရှိ ရွှေကောင်းဟော့ပေါ့ဆိုင်နှင့်ဗဟန်းမြို့နယ်ရှိ ရွှေဘဲစားသောက်ဆိုင်များတွင် လေ့လာသွားမည်ဖြစ်ပြီး သင်တန်းသားများ၏အတွေ့အကြုံများကို ကော်မတီဝင်များနှင့် အပြန်အလှန်ဆွေးနွေးမှုများဆက်လက်ဆောင်ရွက်မည်ဖြစ်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ (၃၃)မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ(၅၀)ဦးဖြင့် (၂)ရက်ကြာသင်ကြားပို့ချမည်ဖြစ်သည်။
မြတ်သူ