ဒဂုံ ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းရှိ၊ ခရိုင်နှင့်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ ဇွန်လ ၁၄ ရက်နေ့ နေ့လယ် ၁၄း၃၀ နာရီခန့်က ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တိုင်းရွှေဂုံအရောင်းဆိုင်လာရောက်၍ သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်များအား လာရောက်ရောင်းချပေးခဲ့ပါသည်။
ထိုသို့ရောင်းချရာတွင် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ အသား၊ ငါးတို့ကို စျေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချခဲ့ရာ ခရိုင်နှင့်မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ သန့်ရှင်းရေး၀န်ထမ်းများ၊ ရပ်ကွက်နေပြည်သူများက ၀ယ်ယူအားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်