Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျွန်းစုမြို့တွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများအတွက် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများအား (Shopping Method) စနစ်ဖြင့် ဈေးနှုန်းနှိုင်းယှဉ်ပစ္စည်းဝယ်ယူခြင်း အခ…
Jun 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်ရေရရှိရေး လုပ်ငန်းများအတွက် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများအား (Shopping Method) စနစ်ဖြင့် ဈေးနှုန်းနှိုင်းယှဉ်ပစ္စည်းဝယ်ယူခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေး/လက်ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်းပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲကျင်းပ
Jun 15,2023
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်းပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက တိုင်းစစ်ဌာနချုပ် မိုးလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ လားရှိုးတပ်နယ်မှ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိစစ်သည်များ၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစား ဝါသနာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ
Jun 15,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် သစ်တောဉီးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန်၊ ရာသီဉတုကောင်းမွန်မျှတစေရန်၊ သစ်တောသစ်ပင်များ ချစ်မြတ်နိုးစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်က တပ်ဦးနန္ဒဝန် ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့၊ ဗဟိုဈေးကြီးရှိ ဈေးသူဈေးသားများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေး
Jun 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ဗဟိုဈေးကြီး၏ ဈေးသာယာရေးကော်မတီရုံးခန်းအတွင်း၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျန်းမာရေးဝန်ထမ်း များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်း၍ ဈေးသူ၊ ဈေးသားများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ အမျိုးသမီးသင်း Women Club အဖွဲ့ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်
Jun 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအသင်း Women Club အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)ရေးသားသည့် “ငယ်ငယ်ကကြားဖူးခဲ့တဲ့ မိန်းမများအကြောင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့တွင် ယာစပါးမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်
Jun 15,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စားနပ်ရိက္ခာဖူလုံရေးအတွက် ယာစပါးမျိုးများအား ပြည်ထောင်စုအစီအစဉ်ဖြင့် ခန္တီးမြို့နယ်တွင်မျိုးပွားပြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသို့ ပြန်လည်ဖြန့်ဖြူးရန် ရည်ရွယ်၍ ခန္တီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား ယာစပါးမျိုးများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က ခရိုင်စိုက်ပျိုးရေးဉီးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(အ.လ.က)ချောင်းသာ၌ ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်
Jun 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ချောင်းသာမြို့ တိုက်နယ်ကျန်းမာရေးဌာနက ဦးဆောင်ပြုလုပ်သည့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက (အ.လ.က)ချောင်းသာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ လူငယ်နှင့် မူးယစ်ဆေးဝါးအသိပညာပေး (Talk Show )ဆွေးနွေး
Jun 15,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “လူငယ်နှင့်မူးယစ်ဆေးဝါး”ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10973
Page
10974
Page
10975
Page
10976
Current page
10977
Page
10978
Page
10979
Page
10980
Page
10981
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department