မိုးနဲ ဇွန် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဥ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေ၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ပူးပေါင်းကာ အားလတ်သော အချိန်ကို စာအုပ်စာစောင်ဖတ်ရှုခြင်းဖြင့် ကုန်ဆုံးစေရန်၊ စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သူများအနေဖြင့်လည်း အလွယ်တကူငှား ရမ်းဖတ်ရှုလေ့လာနိုင်စေရန်၊ စာအုပ်စာစောင် ဖတ်ရှုလိုက်ခြင်းကြောင့် အသိပညာဗဟုသုတရရှိစေရန်၊ ဆုံးဖြတ်ချက်ကောင်းများချမှတ်နိုင်စေရန်၊ စာကြည့်တိုက်လုပ်ငန်းပိုမိုတွင် ကျယ်လာစေရန်နှင့် ဖုန်းအသုံးပြုမည့် အစားစာအုပ်စာပေ ဖတ်ရှုသူဦးရေတိုးပွားလာစေရန် ရည်ရွယ်၍ သုတ/ရသ စာအုပ်များကို ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းခြင်းကို အပတ်စဥ် သောကြာနေ့တိုင်း အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများထံသို့ ကွင်းဆင်းငှားရမ်း ပေးလျက်ရှိကြောင်း စာကြည့်တိုက်တာဝန်ခံထံမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)