အမြို့မြို့အနယ်နယ်သတင်းများ

Jun 18,2023
မိုခါမုန်တိုင်းသဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သောဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီနိုင်ရန်အတွက် အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ လက်ရွေးစင်အားကစားသမားဟောင်းများ ပူးပေါင်း၍ လေးပွင့်ဆိုင် ရန်ပုံငွေဘောလုံးပြိုင်ပွဲနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ
Jun 18,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့သာယာလှပ‌ပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ
Jun 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကြက်ဥ၊ ဘဲဥများကို ယနေ့နံနက် (၈)နာရီက ပြည်တော်သာလမ်းရှိ အမှတ် (၁) အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Jun 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၁၃-ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲများကို (၁၅-၆-၂၀၂၃)ရက်နေ့မှစတင်ကျင်းပလျက်ရှိရာ၊ ယနေ့ နံနက်(၉)နာရီက Home ကိုယ်ပိုင်အထက်တန်းကျောင်း အမျိုးသမီးအသင်းနှင့် အ.ထ.က လက်ပံပျား အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
Jun 18,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မန်နားရပ်ကွက်၊ စိန်ကျောက်တောင် ဘုရားတောင်ကုန်း၌ ဇွန်လ ၁၇ရက်နေ့က မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။
Jun 18,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားလာစေပြီး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်‌ရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက် မြင့်မားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ဧက ၁၀၀ တင်း ၁၀၀ စံပြ စိုက်ကွက်အတွင်း ကွင်းဆင်း စစ်ဆေးခဲ့သည်။
Jun 18,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မိုးတွင်းကာလ ၁၁ ကေဗွီ ရေစကြို ဓာတ်အားလိုင်းအား ပခန်းကြီးခွဲရုံးမှ ကြီးကံကျေးရွာကြားတွင် လျှပ်စစ်ဓာတ်အားပေးဆောင်ရွက် ထားသည့် ဓာတ်အားလိုင်းနှင့် မလွတ်သည့် သစ်ပင်၊ သစ်ကိုင်းများအား မြို့နယ်လျှပ်စစ်အင်ဂျင် နီယာရုံးမှ မီးလိုင်းထိန်းသိမ်းရေး ဝန်ထမ်းများက ရပ်ရွာနေပြည်သူများ မီးအားအပြည့် အဝရရှိရေး ခုတ်ထွင် ရှင်းလင်း ပြုပြင်ဆောင်ရွက်ပေးလျက်ရှိသည်။