ကျောက်ပန်းတောင်း ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၁၃-ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲများကို (၁၅-၆-၂၀၂၃)ရက်နေ့မှစတင်ကျင်းပလျက်ရှိရာ၊ ယနေ့ နံနက်(၉)နာရီက Home ကိုယ်ပိုင်အထက်တန်းကျောင်း အမျိုးသမီးအသင်းနှင့် အ.ထ.က လက်ပံပျား အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၁၃-ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲများကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပနေခြင်းဖြစ်ပြီး၊ ပြိုင်ပွဲတွင် အ.ထ.က(၁) အသင်း၊ အ.ထ.က(၂) အသင်း၊ အ.ထ.က မြို့ရှေ့အသင်း၊ အ.ထ.က လေးရွာအသင်း၊ အ.ထ.က လက်ပံပျားအသင်းနှင့် Home ကိုယ်ပိုင်အထက်တန်းကျောင်းအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်းသိရသည်။ အဆိုပါ ဘောလုံး ပြိုင်ပွဲများကို (၁၅-၆-၂၀၂၃)ရက်နေ့မှ (၂၃-၆-၂၀၂၃)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှစတင်၍ မြို့နယ်အားကစားကွင်း၌ ကျင်းပနေခြင်းဖြစ်ပြီး၊ ဘောလုံးဝါသနာရှင်များအနေဖြင့် အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။ ယနေ့ကျင်းပသည့်ပွဲတွင် အ.ထ.က လက်ပံပျားအသင်းက Home ကိုယ်ပိုင်အထက်တန်းကျောင်းအသင်းကို (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရပြီး၊ ပြိုင်ပွဲများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒေါ်ဝင်းမင်းသန်း (နည်းပြ/ နည်းစနစ်မှူး) နှင့်ဝန်ထမ်းများ၊ ပညာရေးဌာနမှ အားကစားနည်းပြဆရာကြီးများနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကျန်းမာရေး၊ လုံခြုံရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ ဆက်)