ရေစကြို ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မိုးတွင်းကာလ ၁၁ ကေဗွီ ရေစကြို ဓာတ်အားလိုင်းအား ပခန်းကြီးခွဲရုံးမှ ကြီးကံကျေးရွာကြားတွင် လျှပ်စစ်ဓာတ်အားပေးဆောင်ရွက် ထားသည့် ဓာတ်အားလိုင်းနှင့် မလွတ်သည့် သစ်ပင်၊ သစ်ကိုင်းများအား မြို့နယ်လျှပ်စစ်အင်ဂျင် နီယာရုံးမှ မီးလိုင်းထိန်းသိမ်းရေး ဝန်ထမ်းများက ရပ်ရွာနေပြည်သူများ မီးအားအပြည့် အဝရရှိရေး ခုတ်ထွင် ရှင်းလင်း ပြုပြင်ဆောင်ရွက်ပေးလျက်ရှိသည်။
ရေစကြိုမြို့နယ်ရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ အများပြည်သူများလျှပ်စစ်မီး အမြန်ရရှိစေ ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးနှင့် လျှပ်စစ်မီးဘေးအန္တရာယ်မှကာကွယ်နိုင်ရေးအတွက် နေ့စဉ် ပြုပြင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရေစကြိုမြို့ ၊ ပဒေသာကွက်သစ်ရှိ ကံပွင့်မှ လှူဒါန်းထားသော 11/0.4 kv 315 kVA ထရန်စဖော်မာသည် (၂၁.၅.၂၀၂၃) နေ့တွင် ချို့ယွင်းခဲ့၍ မန္တလေးတွင်ပြန်လည် ပြုပြင်ကာ ပြန်လည်တပ်ဆင်ခြင်း၊ ဓာတ်အားလွှတ်ခြင်းကိုလည်း ဆောင်ရွက် ပေးခဲ့ ကြောင်းသိရသည်။
မောင်လုလင်(ရေစကြို)