အမြို့မြို့အနယ်နယ်သတင်းများ

Jun 18,2023
ကရင်ပြည်နယ်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးဘေးရှိ စက်မှုဇုန်အနောက်ဘက် မိဇံကျေးရွာ ကွင်းအမှတ် (၁၀၉၉-ခ)နှင့် ကွင်းအမှတ် (၁၀၉၉-ဃ)၊ ပတုပ်စားကျက်ကွင်းနှင့် ပတုပ်တောင်ကွင်းတို့တွင် မြေဧရိယာ ၄၉ ဒဿမ ၈၄ ဧကခန့်၌ ဝက်မွေးမြူရေးဇုန်(သီးသန့်) ဖော်ဆောင်မည့် မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jun 18,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးစပါးဘောင်ပျိုးမျိုးစေ့ချ ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က သက္ကယ်ပြင်ကျေးရွာ၌ ကျင်းပသည်။
Jun 18,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးစပါးဘောင်ပျိုးမျိုးစေ့ချ ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က သက္ကယ်ပြင်ကျေးရွာ၌ ကျင်းပသည်။
Jun 18,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း‌၍ စာရေးဆရာ ဌေးကြည်(စလင်း) ရေးသားသည့် “စည်းနှင့်စီးသောကမ်း” ခေါင်းစဉ်ဖြင့်ပြုလုပ်သော စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
Jun 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် စည်ပင်သာယာရေးကော်မတီ ကြီးကြပ်မှုဖြင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းနှင့် သန့်ရှင်းရေးဌာနမှ ယနေ့နံနက် ၇ နာရီက ငါးထပ်ကြီးတောင်ရပ်ကွက်၊ ငါးထပ်ကြီးဘုရားလမ်းသွယ်၌ ရပ်ကွက်နေပြည်သူများကို ဆီ၊ ကြက်ဥနှင့် သား/ငါးများကို ညွှန်ကြားချက်များနှင့်အညီ ရောင်းချကြောင်းသိရသည်။
Jun 18,2023
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို အထောက်အပံ့ဖြစ်စေရန်၊ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှု လျော့နည်းပပျောက်စေရန်၊ ပြည်သူလူထုအတွင်း သစ်တောသစ်ပင် ချစ်ခင်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် (၇:၃၀) နာရီက တောင်တွင်းကြီးမြို့ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း (အ.ထ.က-ခွဲ) ၀င်းအတွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
Jun 18,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ပြည်သူ လူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အောင်ပန်းမြို့ မူလတန်းကြိုကျောင်း၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Jun 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်