ကော့ကရိတ်မြို့ အမှတ်(၄)ရပ်ကွက်တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ကေ့ာကရိတ် ဇွန်  ၁၈

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့သာယာလှပ‌ပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်(၅၉.၆၇)သန်းဖြင့် ကေ့ာကရိတ်မြို့၊ အမှတ်(၄) ရပ်ကွက်၊ ပုဏ္ဏရိပ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဇွန်လ ၃ ရက်‌နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် အရှည် (၁၁၀၀)ပေ၊ အကျယ်(၁၄)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ကေ့ာကရိတ်မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။ ကေ့ာကရိတ်မြို့စည်ပင်သာယာရေးအဖွဲ့ သည် မြို့သာယာလှပစေရေး၊ ဒေသနေပြည်သူများသွားလာမှု အဆင်ပြေစေရေးအတွက် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် မြေသား(၁၅)လမ်း၊ပေ(၆၅၁၅)ပေနှင့် ကွန်ကရစ်လမ်း(၁၄)လမ်း၊( ၁၀၇၉၀)ပေ၊ စုစုပေါင်းလမ်း(၂၁)လမ်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်/ ဆက်)